Sunday, August 2, 2009

Just some good thing got from the mail

အရင်ကလို ပြန်မဖြစ်နိုင်မှန်း ငါလည်းသိတာပဲ
မရနိုင်တဲ့အရာကိုပြန်လိုချင်တာ ရူးသွပ်မှုတဲ့လား
ငါ့စိတ်ငါပြန်စစ်တော့ အာရုံတွေကနောက်
ခေါင်းတွေခြောက်လာတယ်

မနက်ဖြန်မှာတွေ့နိုင်မလား ?????????????
နင်လည်းမသိနိုင်သလို ငါလည်းမတွေးတတ်တဲ့အရာ
ဘယ်သူလာဖြေပေးမှာလဲ
အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို အဖြေအတင်းထုတ်တော့
အိပ်ပျက်ရက်တွေဆက် မျက်တွင်းတွေသာနက်လာတယ်

အတိတ်ကိုပြန်ကြည့်တော့ ငါတို့ဇာတ်လမ်းမှာ
ပျော်စရာအခန်းတွေများခဲ့သားပဲ
ပြီးခဲ့တာတွေ ပြန်ပြန်ရစ် အဟောင်းတွေပဲပြန်ဖြစ်ချင်လွန်းတဲ့အခါ
အသည်းထဲကပါ နာတယ်

ဟိုးအောက်ဆုံးထိ ပြုတ်ကျတတ်တဲ့ငါ့ရဲ့စိတ်
နေပြန်ကောင်းဖို့ ပေးတဲ့ဆေးရောင်စုံထဲမှာ
တွေ့လိုက်ရတာ နင့်မျက်နှာပါလား
ဆရာဝန်ပေးတဲ့ဆေး မသောက်ပဲသိမ်းထားချင်သေးလို့
များများထပ်ပေးနိုင်မလား ဆရာ

အိပ်မပျော်တာမဟုတ်ပါဘူး မအိပ်ရဲတော့တာပါ
နင်မလာတော့တဲ့ ငါ့အိပ်မက် ငါဆက်မမက်ချင်ပါဘူး
ဘယ်တော့ပြိုင်ပြိုင် အနိုင်သာလိုချင်တတ်တဲ့ My Wife ရေ
ဒီတစ်ခါတော့
“နင် နဲ့ ငါ ဘယ်သူပိုရူးခဲ့သလဲ ”ဆိုတဲ့မေးခွန်းရဲ့အဖြေမှန်
ပဟေဠိမဆန်ပါဘူး နင်သာအမှန်ဖြေပေးပါ……………………!!!!!

My wife is what i used to call her but I think I no longer can.....